ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်း​နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်း​နေမှု ကြည့်ရှုအားပေး



မင်းလှ၊ အောက်တိုဘာ  ၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၆ ရက်နေ့လယ်ပိုင်းက မင်းလှမြို့နယ်၊ သင်အိုင်အုပ်စု၊ သင်အိုင်ကျေးရွာကွင်းအမှတ်(၇၇၄)၊ ဦးပိုင်အမှတ်(၂၀၁/၂)တွင် Drum Seeder ဖြင့် စိုက်ပျိုးထားသည့်တောင်သူ ဦးစိုးလှိုင်၏  ဆင်းသုခ မိုးစပါး (၅)ဧကတွင်  စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုထွက် ၁၂၀ ဒသမ ၄၅ တင်း၊ အခြောက်တင်း ၁၂၀ ဒသမ ၄၅ တင်းထွက်ရှိခဲ့ကြောင်း၊ မင်းလှမြို့နယ် အနေဖြင့် ၂၀၂၄- ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက (၇၆၁၄၁) ဧက စိုက်ပျိုးထားရှိကြောင်း မိုးစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀) ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပေါက်စ(မင်းလှ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)