ပြည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်




ပြည် ၊ အောက်တိုဘာ ၃


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းကစ၍ အိမ်တိုင်ရာရောက်ကွင်းဆင်း‌ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် တိုက်နယ်တာဝန်ခံလဝကမှူးများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့်သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းတက်ရောက်ခဲ့ပြီးသော စာရင်းစစ်/စာရင်းကောက်အဖွဲ့ဝင်(၂၅၄)ဦးတို့ပူးပေါင်း၍ ပြည်မြို့ပေါ်ရပ်ကွက်ကြီးများအပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၆၉)အုပ်စု၊ ကောက်ကွက်ပေါင်း(၆၆၂)ကွက်ရှိ ပြည်သူများအား အိမ်ထောင်စု၊ လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းပေါင်း(၆၈)ချက်ကိုမေးမြန်း၍ ရရှိလာသည့် မှန်ကန်သောအချက်အလက်များကို ခေတ်မီနည်းပညာဖြင့် Tablet တွင် စနစ်တကျ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

https://t.https://t.me/MyanmarNationalPostme/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)