ဒိုဟာ၊ အောက်တိုဘာ ၉
လက်ဘနွန်တောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်အခြေအနေတစ်ရပ်အနေဖြင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပြည်သူ့စစ်များက လက်နက်များချထားပြီး ၎င်း၏တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းရန် အစ္စရေးက တောင်းဆိုခဲ့သည်ဟု ပြင်သစ်သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Al Arabiya ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
“လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ လက်နက်တွေချပြီး လစ်တာနီမြစ်ကနေ မြောက်ဘက်ကို ဆုတ်ခွာပေးဖို့ အစ္စရေးက တောင်းဆိုပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၃ ရက်က အစ္စရေးသည် လက်ဘနွန်ရှိ Northern Arrows ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပြီး ၎င်းအဖွဲ့၏ စစ်စခန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က အစ္စရေးက ဘေရွတ်တွင် ဟစ်ဇ်ဘိုလာ အတွင်းရေးမှူးချုပ် ဟက်ဆန် နာစရယ်လာကို ဖယ်ရှားခဲ့သည်။ အောက်တိုဘာ ၁ ရက် ညတွင်းချင်း အစ္စရေးက လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသများတွင် မြေပြင်စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည်။
TASS
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment