မောက်မယ်မြို့နယ်၌ ယမန်နေ့ညက မိုးဆက်တိုက်ရွာသွန်းမှုကြောင့်လူနေအိမ်များအတွင်းရေများ ဝင်ရောက်ပြီးတံတားတစ်စင်းပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ယမန်နေ့ညက မိုးဆက်တိုက်ရွာသွန်းမှုကြောင့်လူနေအိမ်များအတွင်းရေများ ဝင်ရောက်ပြီးတံတားတစ်စင်းပျက်စီး






မောက်မယ်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့ညမိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်း ၄ နာရီခန့်က ရေများယမန်နေ့ထက် ပိုမိုဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ရပြီး မွေတော်အ.မ.ကကျောင်းလည်း ရေနစ်မြုပ်ကာ ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက် ဆက်သွယ်ထားသောတံတားသည်လည်း ရေနစ်မြုပ်သဖြင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ရေကြီးရေလျှံမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ချက်ချင်းသွားရောက်ကြည့်ရှုကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နံနက် ၇ နာရီတွင် မြို့နယ်ပရဟိတအသင်းများက ရေနစ်မြုပ်နေသည့်နေအိမ်ရှိ ထွက်မလာနိုင်သည့်ပြည်သူများအား ထမင်းထုပ်များနှင့် သောက်ရေသန့်များ သွားရောက်ပေးဝေခဲ့ကြရာ စာသင်ကျောင်း(၄)ကျောင်း ယာယီပိတ်ထားခဲ့ရပြီး ဖြစ်စဉ်အတွင်း လူနှင့်တိရစ္ဆာန်များ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်း၊  အိမ်အသုံးအဆောင်များ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာရှိကြောင်း သိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)