တာလေမြို့၊ ဗေတလရွာဟောင်း၌ မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ‌ ပေးအပ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာလေမြို့၊ ဗေတလရွာဟောင်း၌ မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ‌ ပေးအပ်ပွဲအခမ်းအနား ကျင်းပ



တာလေ ၊ အောက်တိုဘာ ၉


တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ MSMES အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်နှင့် ကျေးရွာစီးပွားရေးမြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော မွမ်းမံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ‌ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တာလေမြို့၊ ဗေတလရွာဟောင်း၊ ဗိုလ်လုံကျရှော အောက်မေ့ဘွယ်ခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲ အခမ်းအနားသို့ တာချီလိတ်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ အမျိုးရေးရာအဖွဲဝင်များ၊ နည်းပြဝန်ထမ်းများတက်ရောက်ပြီး သင်တန်းသူများက လားဟူရိုးရာလွယ်အိတ်များကို တက်ရောက်လာသူများကို လက်ဆောင်ပေးအပ်သည်။။


အခမ်းအနားတွင် တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးက သင်တန်းဆင်းအမှာစကားနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူများထံ ပေးအပ်သည်။


ထိုနောက် တာချီလိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သင်တန်းမှ ထွက်ရှိသည့် ကုန်ချောပစ္စည်းများကို သင်တန်းသူများအာလည်းကောင်း၊ လုပ်ငန်းသုံးပစ္စည်းများကို ထူချွန်သင်တန်းသူ ၅ ဦးအားလည်း‌ကောင်း ပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူးသည်။


အဆိုပါသင်တန်းကို ဩဂုတ် ၁၂ ရက်နေ့မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ (အခြေခံပထမအကြိမ်) စက်တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၅ ရက်နေ့အထိ (မွမ်းမံ ဒုတိယအကြိမ်) စုစုပေါင်း ၄၅ ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး လားဟူတိုင်းရင်းသား၊ သင်တန်းသူ ၁၁ ဦး တက်ရောက်ခဲ့ကာ ကျွမ်းကျင်နည်းပြဆရာမများက လုပ်ငန်းထူထောင်နိုင်သည့်အထိ စာတွေလက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြားပိုချပေးခဲ့ကြောင်း သိရသည်။


မိုးလရောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)