ရွှေတောင် မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

 



 

ရွှေတောင်  ၊ အောက်တိုဘာ- ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက   အ.ထ.က ( ရွှေတောင်)  ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

      ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ဆရာ၊ဆရာမများက "မြတ်ဆရာ"သီချင်း သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင်   မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဖိတ်ကြားထားသည့် အငြိမ်းစား ဆရာကြီး၊ဆရာမကြီးများအား ပူဇော်ကန်တော့၍ ကန်တော့လက်ဆောင်ပစ္စည်းများဖြင့်ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်၍ ဆရာ၊ဆရာမများက "ကမ္ဘာမြေပေါ်ကမြတ်ဆရာ "သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)