နေပြည်တော်၊ အောက်တိုဘာလ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့တွင် ယနေ့နံနက် ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းလုံချောင်းရေမြင့်တက်လာပြီး မိုင်းကိုင်-နမ့်လန် သွားလမ်းပေါ်ရှိ တံတားအမှတ်(၃/၉၁)၊ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ ဆားတောသံကူကွန် ကရစ်တံတားသည် မွန်းလွဲ ၂ နာရီခန့်တွင် တံတား၏ မြောက်ဘက်ခြမ်းရှိချဉ်းကပ်လမ်း အကျယ် ၃၀ ပေ၊ အလျား ၃၀ ပေ ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ရပ်တန့်ခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းပျက်စီးခဲ့သည့် သံကူကွန်က ရစ်တံတားအား မိုင်းကိုင်မြို့နယ်၊ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိ သူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment