ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဆရာ၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ




ဒဂုံမြောက် ၊  အောက်တိုဘာ ၁၀ 


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် (အငြိမ်းစား) မြို့နယ်ပညာရေးမှူးဆရာကြီး၊ ဆရာမကြီးများနှင့် ထက်၊ လယ်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို အမှတ်(၃) အ‌ခြေခံပညာအထက်တန်း‌ ကျောင်း၊ တော်ဝင်သဇင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် သက်ကြီးဆရာ၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးပူဇော်ကန်တော့ကြပြီး ဆရာကြီး ဦးဝေမြင့်၊ ပညာ‌ရေးမှူး (ငြိမ်း)နှင့် ကျောင်းအုပ်ဆရာမကြီး‌(ငြိမ်း) ဒေါ်မြင့်‌ဝေတို့က ဩဝါဒစကားများ ပြောကြားခဲ့သည်။


ထို့နောက် ကန်တော့ခံဆရာကြီး ၉ ဦး၊ ဆရာမကြီး ၁၃ ဦးတို့အား ဂါရဝလက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်‌ရောက်လာသော (အငြိမ်းစား) မြို့နယ်ပညာရေးမှူး ဆရာကြီး၊ ဆရာမကြီးများနှင့် ထက်၊ လယ်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား သက်ပြည့်အငြိမ်းစားယူမည့် အမှတ် (၂) အ‌ခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စပယ်လှက ထောပတ်ထမင်းဖြင့် ဧည့်ခံကျွေး‌မွေးခဲ့‌ကြောင်း သိရသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)