နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာများက သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာများက သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ


နေပြည်တော်၊ အောက်တိုဘာ ၂

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မာရဝိဇယျဘုရားဘက်အခြမ်းတွင် လမ်းများပိတ်၍ လူငယ်များကို ဝင်ရောက်ဖမ်းဆီးကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို ရေးသားနေကြောင်းတွေ့ရှိရသည်။

အဆိုပါသတင်းသည် တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးခွဲရန်နှင့် အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မြို့၊ ရွာ တည်ငြိမ်အေးချမ်းရေးနှင့် အကြမ်းဖက်သမားများ ဝင်ရောက်ခို အောင်းနေထိုင်ခြင်း မရှိစေရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ပြည်ဖျက်မီဒီယာများက လိုရာစွဲရေးသား၍ အဆင့်အတန်းမရှိသည့် သတင်းများ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)