မှော်ဘီမြို့နယ်၌စာရင်းစစ်၊ စာရင်းကောက် (၁၉၆)ဦးတို့ဖြင့်ကောက်ကွက်(၄၇၈) ကွက်တို့တွင်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆက် လက်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌စာရင်းစစ်၊ စာရင်းကောက် (၁၉၆)ဦးတို့ဖြင့်ကောက်ကွက်(၄၇၈) ကွက်တို့တွင်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆက် လက်ဆောင်ရွက်နေ

  


မှော်ဘီ ၊ အောက်တိုဘာ    ၃ ရက် 

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်(၁၉၆)ဦးတို့ကသက်ဆိုင်ရာသန်း ခေါင်စာရင်းကောက်ကွက် (၄၇၈)ကွက်တို့တွင် ဆက်လက် ကောက်ယူလျက်ရှိကြောင်းသိရသည်။ 

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မှော်ဘီမြို့နယ်အတွင်း စာရင်းစစ် (၄၁)ဦး၊ စာရင်းကောက် (၁၁၅)ဦးနှင့် Volunteer(၄၀)ဦး စုစုပေါင်း (၁၉၆)ဦးတို့ဖြင့် စာရင်းကောက်အဖွဲ့ပေါင်း(၄၁)ဖွဲ့တို့က ကောက်ကွက်ပေါင်း (၄၇၈) ကွက်တို့တွင် CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet  များဖြင့် ကောက်ယူလျက်ရှိပြီးအောက်တိုဘာလ(၁)ရက်နေ့မှအောက်တိုဘာလ(၁၅)ရက်နေ့အထိကောက်ယူသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

 မှော်ဘီမြို့နယ်အတွင်း သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက်များအလိုက်တာဝန်ရှိသူများကကောက်ယူနေမှုအခြေအနေများကိုမှော်ဘီမြို့နယ်သန်းခေါင်စာရင်းကော်မတီ (ခေတ္တ)ဥက္ကဋ္ဌဦးမျိုးဝင်းနှင့်တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးခဲ့ကြပြီးလိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)