ပြည်မြို့၌ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ရုပ်တုတော်ပင့်ဆောင်တင်လှူပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့၌ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ရုပ်တုတော်ပင့်ဆောင်တင်လှူပူဇော်ပွဲ ကျင်းပ





ပြည်၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အောင်မင်္ဂလာကျက်သရေကုန်းတောရကျောင်းအနီးရှိ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ ဂူဗိမာန်တော်သို့ "ရှင်မဟာရဋ္ဌသာရ ရုပ်တုတော် "ပင့်ဆောင်တင်လှူ ပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အောင်မင်္ဂလာကျက်သရေကုန်းတောရ ကျောင်းရှိ ခေတ္တရာမဟာသကျမုနိဘုရားကြီး အာရုံခံတန်ဆောင်းအတွင်း၌  ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြသည်။ ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် တက်ရောက်လာကြသူများက အဆိုပါအာရုံခံ တန်ဆောင်း၌ ခေတ္တအပူဇော်ခံထားရှိသော ရှင်မဟာရဌသာရရုပ်တုတော်အား ဂူဗိမာန်တော်သို့ ပင့်ဆောင်ကြပြီး   ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင် )နှင့် ဦးထင်ကျော်ဦးတို့က အများစုပေါင်းကောင်းမှုဖြင့် ဆောက်ရွက်သည့်အရှည်ပေ ၆၂၀ရှိ ဂူဗိမာန်အဝင်လမ်း၊ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက်ဩဝါဒါစရိယဆရာတော် ရဟန်းစာဆိုပြည်လေးဘုန်းက ဩဝါဒစကားမြွက်ကြားပြီး ဩဝါဒါစရိယဆရာတော်များက အောင်ဂါထာတော်ရွတ်ဆို၍ ရှင်မဟာရဌသာရဆရာတော်ဘုရားကြီး၏ ရုပ်တုတော်အား ဂူဗိမာန်ကျောက်ကလပ်တိုင်‌ပေါ်သို့ တင်လှူပူဇော်ခဲ့ကြသည်။ ဆက်လက်ပြီး ရှင်မဟာရဌသာရဆရာတော်ကြီးနှင့်ပတ်သက်၍ ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ မီးအိမ်ရှင်) က မုဒိတာစကား ပြောကြားသည်။

ယင်း‌နောက် ဂူဗိမာန်ကော်မတီဝင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများက ရှင်မဟာရဌသာရဆရာတော်ကြီးရေးစပ်ခဲ့သော ပိုဒ်စုံရတုတစ်ပုဒ်ကို  ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီး၏ဘုန်းတော်အား ချီးမြှောက်သီကုံးထားသော တေးထပ်ရွတ်ဖတ်ပူဇော်ခြင်း၊ ဂူဗိမာန်တော်အကြောင်းရေးဖွဲ့ထားသော တေးသီချင်းဂုဏ်ပြုသီဆိုခြင်း၊ အလှူရှင်များမှ အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ဆရာတော်/ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)