မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ





မုဒုံ၊ အောက်တိုဘာ  ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀)ကြိမ်မြောက် သီတင်းကျွတ် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ ကန်ကြီးစေတီ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ဝင်များသည် ကန်ကြီးစေတီတော်နှင့် မင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။   မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် မုဒုံမြို့ပေါ် ရပ်ကွက်များမှ လှေလှော်အသင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် မာရဇိန်လှေလှော်အသင်းနှင့် မျိုးဆက်သစ်လှေလှော်အသင်းတို့က  ယှဉ်ပြိုင်လှော်ခတ်ကြသည်။

မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပထမဆု (၇)သိန်းကျပ်၊ ဒုတိယဆု (၅)သိန်းကျပ်၊ တတိယဆု (၃)သိန်းကျပ်၊ စတုတ္ထဆု (၂)သိန်းကျပ်၊ နှစ်သိမ့်ဆုများနှင့် မြို့သူမြို့သား စေတနာရှင် အလှူရှင်များက ထပ်ဆောင်းအပိုဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။


အောင်မျိုးသူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)