ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိ







ပေါင်၊ အောက်တိုဘာ ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်ကောက်ယူလျက်ရှိသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာတွင်သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက်ရပ်ကွက်အတွင်းအိမ်ထောင်စုများ၏လူဦးရေဆိုင်ရာအချက်အလက်များနှင့်အိမ်အကြောင်းအရာအချက်အလက် ၆၈ချက်အားမေးမြန်းကာCAPIနည်းပညာဖြင့် Tabletအသုံးပြုကောက်ယူခြင်းဖြစ်ပြီးသထုံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဌဦးရဲနိုင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင်ရပ်ကွက်ပေါင်း(၈)ရပ်ကွက်နှင့်ကျေးရွာပေါင်း(၅၀)ရွာရှိပြီးစာရင်းကောက်ကွက်( ၄၂၆ )ကွက်၊စာရင်းကောက်အဖွဲ့ဝင်ပေါင်း( ၁၅၂ )ဦးဖြင့်ကောက်ယူလျက်ရှိကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)