ထန်းတပင်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များအခမဲ့ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များအခမဲ့ထောက်ပံ့ပေးအပ်



ရန်ကုန်၊ အောက်တိုဘာလ ၂

၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်များရှိတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စံကင်းကြီးကျေးရွာအုပ်စု၊ စံကင်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ရွှေက ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။         

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် တစ်ဧကအောက်မှ ငါးဆယ်ဧကအထိ ပျက်စီးဆုံးရှုံးခဲ့သည့် ငါးမွေးကန်တောင်သူများထံသို့ တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေတစ်ထောင်နှုန်းကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


 ဇင်မင်းထိုက်(ထန်းတပင်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)