ထန်းတပင်မြို့နယ်၌ တောင်သူများအား မျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ တောင်သူများအား မျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်





ထန်းတပင်၊ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စပါးစိုက်တောင်သူများထံသို့ မျိုးစေ့နှင့်သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ညောင်သုံးပင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။         

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေက မျိုးစေ့သွင်းအားစု မြေဩဇာများထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။         

မျိုးစေ့နှင့်သွင်းအားစုမြေဩဇာများ ထောက်ပံ့ပေးအပ်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးတာဝန်ရှိသူများက ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စပါးစိုက်တောင်သူများထံသို့ မျိုးစေ့၊ သွင်းအားစုဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)