တောင်ကြီးမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် လိုက်လံကြည့်ရှုအားပေး



တောင်ကြီး၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များကိုရရှိရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

တောင်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်(၅၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၄)အုပ်စု၊ ကောက်ကွက်(၈၁၁)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်နှင့် စေတနာ့ဝန်ထမ်း(၄၅၀)ဦးတို့ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်(၆၈)ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများကို အချက်(၁၈)ချက်ပါ မေးမြန်းချက်များဖြင့်လည်းကောင်း CAPI နည်းပညာဖြင့် Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်(၅၁၈)ရပ်ကွက်၊ ကျေးရွာ(၁၃၇၈၃)ရွာ၊ ကောက်ကွက်(၇၁၇၃)ကွက်တို့တွင် စာရင်းကောက်အဖွဲ့(၅၄၀)ဖြင့် စာရင်းစစ်၊ စာရင်းကောက်၊ စေတနာ့ဝန်ထမ်း စုစုပေါင်း(၂၉၀၉)ဦးတို့က သက်ဆိုင်ရာ သန်းခေါင်စာရင်းကော်မတီများ၏ ကြီးကြပ်မှုဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ လိုက်လံကောက်ယူလျက်ရှိပြီး သန်းခေါင်စာရင်းမေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် နိုင်ငံတော်မှ ပြည်သူအတွက် လိုအပ်သော စာသင်ကျောင်းအရေအတွက်၊ လိုအပ်သော ဆေးရုံ/ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရမည့် ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရမည့်အခြေအနေ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များစောင့်ရှောက်ရေး၊ လူမှုအခြေခံအဆောက်အအုံများ တည်ဆောက်နိုင်ရေး (လမ်း၊ တံတား၊ အိမ်ရာ)တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)