လောင်းလုံးမြို့နယ်နှင့် တီးတိန်မြို့နယ်တို့မှ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေသည့် အဖွဲ့ဝင်များအား အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား၊ ဖမ်းဆီးခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လောင်းလုံးမြို့နယ်နှင့် တီးတိန်မြို့နယ်တို့မှ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေသည့် အဖွဲ့ဝင်များအား အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား၊ ဖမ်းဆီးခေါ်ဆောင်

 


နေပြည်တော်၊ အောက်တိုဘာလ ၆

နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  စာရင်းစစ်/ စာရင်းကောက်အဖွဲ့များ ဖြင့် စတင်ကောက်ယူလျက်ရှိသည်။


ထိုသို့ ကောက်ယူရာတွင် ပြည်သူများအနေဖြင့် ပြည့်စုံမှန်ကန်စွာပြောကြားခြင်းဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များအပေါ်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပေါ် မနာလို၊ မရှုစိမ့်ဖြင့် အကြမ်းဖက်သမား များက နည်းလမ်းမျိုးစုံအသုံးပြု၍ နှောင့်ယှက်ဟန့်တားမှုများ လုပ်ဆောင်လျက်ရှိရာ   တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ နေထိုင်ကြသော ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင်  စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေခံပညာမူလတန်းလွန်ကျောင်း (ဂေါ့အင်း)မှ ကျောင်းဆရာမများဖြစ်သော ဒေါ်မေမီမိုး(ဘ)ဦးကျော်လင်း အသက်(၂၇)နှစ်နှင့် ဒေါ်ဉမ္မာထွန်း(ဘ)ဦးအောင်ထွန်း အသက်(၄၈)နှစ်၊ အခြေခံပညာအထက်တန်းကျောင်း(ရေဖြူ)မှ ကျောင်းဆရာမများဖြစ်သည့် ဒေါ်ခင်အေးဆက်(ဘ)ဦးခင်လုံး အသက်(၄၇) နှစ်၊ ဒေါ်ရင်ရင်စိုး(ဘ) ဦးစိုးမြင့် အသက်(၆၀)နှစ်၊ ဒေါ်မြအေး(ဘ) ဦးအောင်ကျင် အသက်(၅၆)နှစ်၊  အခြေခံပညာမူလတန်း ကျောင်း (ကဒက်ငယ်ထိန်)မှ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်ဖြူဖြူထွေး(ဘ)ဦးခင်သန်း အသက် (၄၄)နှစ်၊ ရေဖြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမဖြစ်သူ ဒေါ်သီတာ(ဘ)ဦးခင်သန်း အသက်(၅၇) နှစ်တို့သည်  ထားဝယ်မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မိမိနေအိမ်များ၌ ပြန်လည် နေထိုင်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့ ၇ ဦးအား ယနေ့ညနေပိုင်းတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။


 အလားတူ အောက်တိုဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် မြို့မိမြို့ဖဖြစ်သူ ဦးကမ်လျန်ထန်(ဘ)ဦးခုပ်ဆဝုန် အသက်(၆၅)နှစ် သည် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး  ၎င်းနေထိုင်သည့် လမ်းဇန်ကျေးရွာအနီးရှိ စိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်စဉ် အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။


သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ နှင့် မူဝါဒတွေချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သမားများက ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူနေသည့်အဖွဲ့များအား နည်းလမ်း မျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားမှုများအပေါ် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)