ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပ





 သံဖြူဇရပ်၊ အောက်တိုဘာ ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အေးရိပ်သာမဟာစည် မန္တလေးကျောင်းတိုက် သြဝါစရိယဆရာတော်   ဘဒ္ဒန္တဝိသုတာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်ဖြင့် ချီးမြှင့်ကာ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုအစုစုတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးနှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့နှင့် အလှူရှင်များမှ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှစ၍ လပြည့်ကျော် ၅ ရက်နေ့အထိ နှစ်စဉ်ကျင်းပပေးပြီး လပြည့်နေ့နံနက်တွင် ဆွမ်းအိုးမျှောပွဲပြုလုပ်ကာ လပြည့်ကျော် ၅ ရက်နေ့အထိ ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)