ရတနာနှစ်ပါး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရတနာနှစ်ပါး













 

ရတနာနှစ်ပါး 


ရေယဉ်ကြီးစွာ တက်၍လာသော်

မြတ်စွာဘုရား မိန့်မြွက်ကြား၏

ချစ်သားဂဝံ ရေယဉ်ပျံကို

ဖယ်ရန်စွမ်းလှ တန်ခိုးပြလော့

ဆုံးမနာခံ ရှင်ဂဝံလည်း

အမြန်ပယ်ခွင်း ရေဘေးရှင်းသည်

ဘေးကင်းပါပြီဘုရား။

နှစ်ပေါင်းများစွာ ကြာခဲ့ပါမှ

မြန်မာ‌တို့မြေ ငါတို့မြေတွင်

ရေယဉ်ရေကြီး ဘေးရန်ကြီးနှင့်

သီးသီးကြုံရ ကံဆိုးကြသား

ဒုက္ခကြီးစွာ ဖြစ်ပေါ်လာ၏။

အာစာ ဝိစက် စက်လှေတက်ဖြင့်

လူ့သက်များစွာ ကယ်ထုတ်ကာဖြင့်

အစာငတ်ငတ် ရေငတ်ငတ်ထိ

မပြတ်ကြိုးစား တန်ခိုးထွား၍

လူသားများစွာ သက်ရှင်ပါ၏

ရတနာနှစ်ပါး လက်ရုံးအားဖြင့်

ရေအားပြင်းပြင်း လွတ်ရှောင်ကွင်းသည်

ဘေးကင်းပါပြီဘုရား။


မှတ်ချက်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ အရှင်အာစာရ အရှင်ဝိစက္က ၂ ပါး၏ ရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်ချက်များကို ဂုဏ်ပြုပါသည်။ 


အောင်မြိုင် မစိုးရိမ်စာသင်သား

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ 

************


ဘုရားရှင်လက်ထက်က ရေဘေးကယ်ဆယ်သောမထေရ်၏ အမည်မှာ ဂဝမ္ပတိမထေရ်မြတ် ဖြစ်၏။

ထိုမထေရ်မြတ်သည် ရဟန္တာအရှင်မြတ်တစ်ပါးဖြစ်၏။ မြတ်ဗုဒ္ဓ စေခိုင်းခြင်းကြောင့်  ရေဘေးသင့်သူများကို တန်ခိုးဖြင့် ကယ်တင်ခဲ့၏။ ထိုအခါမှစ၍ ထိုမထေရ်၏ဂုဏ်များသည် ထင်ရှားလာ၏။


ဂဝမ္ပတိတ္ထေရဂါထာဝဏ္ဏနာအဖွင့် 

တေန စ သမယေန ဘဂဝါ မဟတာ ဘိက္ခုသံဃေန သဒ္ဓိံ သာကေတံ ဂန္တွာ အဉ္ဇနဝနေ ဝိဟာသိ။ 

သေနာသနံ နပ္ပဟောသိ။ 

သမ္ဗဟုလာ ဘိက္ခူ ဝိဟာရသာမန္တာ သရဘုယာ နဒိယာ ဝါလိကာပုဠိနေ သယိံသု။ အထ အဍ္ဎရတ္တသမယေ နဒိယာ ဥဒကောဃေ အာဂစ္ဆန္တေ သာမဏေရာဒယော ဥစ္စာသဒ္ဒမဟာသဒ္ဒါ အဟေသုံ။ 

ဘဂဝါ တံ ဉတွာ အာယသ္မန္တံ ဂဝမ္ပတိံ အာဏာပေသိ – ‘‘ဂစ္ဆ, ဂဝမ္ပတိ, ဇလောဃံ ဝိက္ခမ္ဘေတွာ ဘိက္ခူနံ ဖာသုဝိဟာရံ ကရောဟီ’’တိ။ 

ထေရော ‘‘သာဓု, ဘန္တေ’’တိ ဣဒ္ဓိဗလေန နဒီသောတံ ဝိက္ခမ္ဘိ,တံ ဒူရတောဝ ပဗ္ဗတကူဋံ ဝိယ အဋ္ဌာသိ။ 

တတော ပဋ္ဌာယ ထေရဿ အာနုဘာဝေါ လောကေ ပါကဋော အဟောသိ။ 

အထေကဒိဝသံ သတ္ထာ မဟတိယာ ဒေဝပရိသာယ မဇ္ဈေ နိသီဒိတွာ ဓမ္မံ ဒေသေန္တံ ထေရံ ဒိသွာ လောကာနုကမ္ပာယ တဿ ဂုဏာနံ ဝိဘာဝနတ္ထံ တံ ပသံသန္တော ‘‘ယော ဣဒ္ဓိယာ သရဘု’’န္တိ ဂါထံ အဘာသိ။

ထေရဂါထာအဌကထာ နှာ ၁၂၉/၁၃၀

***********


နေပြည်တော်၊ လယ်ဝေးမြို့၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အတွက် ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနား ကျင်းပခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)