မြင်းခြံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အုတ်တံတိုင်းပြိုကျရာမှ အမျိုးသား တစ်ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အုတ်တံတိုင်းပြိုကျရာမှ အမျိုးသား တစ်ဦးသေဆုံး




မြင်းခြံ၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ တွင် ၂၅.၁၀.၂၀၂၄ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)အတွင်းတွင် မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့်(၈)ပေ၊ အလျား(၁၅၀)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ သက်ဆိုင်ရာအဖွဲအစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် ကျား(၁)ဦး(သေဆုံး) နှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား နာရေးကူညီမှုအသင်းကားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)