မရမ်းကုန်းမြို့နယ် စန္ဒီမာခန်းမတွင် "ပ" သုံးလုံးဆရာတော်မှ ၃၈ ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ရှင်းလင်းပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မရမ်းကုန်းမြို့နယ် စန္ဒီမာခန်းမတွင် "ပ" သုံးလုံးဆရာတော်မှ ၃၈ ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ရှင်းလင်းပွဲပြုလုပ်







ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ် အ.ထ.ကအမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်း မရမ်းကုန်းမြို့နယ်ရှိ စန္ဒီမာခန်းမတွင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA. ပြည်တွင်းပြည်ပသာသနာပြု  "ပ" သုံးလုံးဆရာတော် ဘဒ္ဒန္တဝိမလဘိဝံသ၏ ( ၃၈ )ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြုရှင်းလင်းပွဲအား ၂၁.၁၀.၂၀၂၄ ရက်နေ့ နေလည်(၁း၀၀ )နာရီအချိန်တွင် အခမ်းအနားဖြင့်ပြုလုပ်ခဲ့သည်။

ပထမဦးစွာ နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ခဲ့ပြီး "ပ" သုံးလုံးဆရာတော်မှ (၃၈) ဖြာမင်္ဂလာတရား နှင့်အညီ ကျောင်းသား-ကျောင်းသူလေးများအား နှုတ်ခွန်းဆက်သခြင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဆရာ/ဆရာမ များ၊ ကျောင်းသားကျောင်သူ (၂၀၀) ကျော်တို့အား ၃၈ ဖြာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြုရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှတာဝန်ရှိသူများ၊ တိုင်းဥက္ကဋ္ဌ ဦးသန့်စင် နှင့်အလုပ်အမှုဆောင်များ၊ မရမ်းကုန်းခရိုင်ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ မြို့နယ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြောက်ဥက္ကလာပမြို့နယ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ထန်းတပင်မြို့နယ် အတွင်ရေးမှုး ဦးရန်လင်းအောင်နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား (၁၀ ၃၀ )အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)