မှော်ဘီ ၊ အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကြီး ကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အ ကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊စာရင်းကောက်များ သည် မှော်ဘီမြို့နယ်၌ အထူးအုပ်စုအဖြစ် ပြည်သူဆေးရုံ ၊အချုပ်ခန်းနှင့် အဆင့်မြင့်ဧည့်ရိပ်သာတွင်လက်တွေ့ကွင်းဆင်းကောင်ယူနေမှုများကို ယမန််နေ့လည်ပိုင်းအချိန်ကစတင်ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းကောက်ယူရာတွင်သန်း ခေါင်စာရင်းကောက်ကွက်များမှလူဦး ရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ် ကွက်အတွင်းအိမ်ထောင်စုများ၏ လူဦး ရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများအချက်အလက် (၆၈)ချက်ကိုမေးမြန်းကောက် ယူနေမှုများကို မှော်ဘီမြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန် ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်မြို့နယ်သန်းခေါင် စာရင်းကော်မတီဝင်များလှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။
၂၀၂၄ခုနှစ်သန်းခေါင်စာရင်းကိုနိုင်ငံတကာအကူအညီမပါဘဲမိမိတို့နိုင်ငံရဲ့ဘဏ္ဍာငွေအရင်းအမြစ်စွမ်းအား ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကာ၊CAPI နည်းပညာဖြင့်Tablet အသုံးပြုပြီး ကောက်ယူ ခြင်းဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment