နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ ထားဝယ်လေဆိပ်မှ ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ ထားဝယ်လေဆိပ်မှ ထွက်ခွာ





ထားဝယ် ၊ အောက်တိုဘာ  ၁၀


နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်လေဆိပ်မှ ထွက်ခွာရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ပြီး အောင်မြင်မှုရရှိအောင်ကြိုး စားဆောင်ရွက်ပေးစေလိုကြောင်း၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးအဖွဲ့တွင် အခြေခံပညာအဆင့် အသက် (၁၀-၁၅) နှစ်၊ (၁၅-၂၀) နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့် (၁၁၄)ဦးတို့က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)