ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက် ပေးနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ် ရေဘေးသင့်နေအိမ်များ ပြန်လည်တည်ဆောက် ပေးနေ


နေပြည်တော်၊ အောက်တိုဘာ ၃၀

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်သုံးမြို့နယ်အတွင်းမှ ကျေးရွာလေးရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံပြန်လည်ပြင်ဆင်ရမည့် နေအိမ် ၃၄ လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း ၁၀ လုံး စုစုပေါင်း ၄၄ လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေကျပ်သိန်း ၃၀၀၀ ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယမန်နေ့က အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ ရောက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံး သွားသော ပဲကြော်ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ အသစ်တည်ဆောက်မှု၊ ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲ လည်ပတ်နေမှုနှင့် အခြားသောကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စာလေးခွေလုပ်ငန်းနှင့် ဆီစက်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက် သွားရန် မှာကြားသည်။

အဆိုပါလုပ်ငန်းများ အချိန်မီပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် တန်ဖိုးမြှင့်ကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းခဲ့ပြီး သမဝါယမဦးစီးဌာနက ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် ငွေကျပ်သိန်း ၁၄၅၀ ကို သက်သာသော အတိုးနှုန်းဖြင့် ကူညီပံ့ပိုးပေး ခဲ့ရာ ဒေသခံလုပ်သားများ မှီခို အားထားနေသည့် ပဲကြော်ပဲလှော်ဖို ၄၆ ဖိုအနေဖြင့် ရာနှုန်းပြည့် ပြန်လည်လည်ပတ်နေပြီ ဖြစ် သည်။

ထို့နောက် ကျွန်းဦးကျေးရွာ အတွင်း၌ ရေဘေးသင့်၍ အလုံးစုံ ပျက်စီးသွားသော နေအိမ်များ ပြန်လည် တည်ဆောက်ပေးနေမှု၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသောနေအိမ်များ ပြန်လည်ပြင်ဆင် တည်ဆောက်ပေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ် ကွက်သစ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ပြန်လည်တည်ဆောက်ပေးနေသော အလုံးစုံပျက်စီးသွားသည့် ဒေါ်စုလှိုင်နှင်း၏ နေအိမ်ကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီး၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးနေသည့် ဦးမဲ၏ နေအိမ်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန်၊ နေအိမ်အသစ်ပြန်လည်တည် ဆောက်ပေးရာတွင် မြေပိုင်ဆိုင်မှု ခိုင်မာမှုရှိစေရေး၊ ကျူးကျော်မြေများ၊ လယ်မြေ၊ ယာမြေများ မဖြစ် စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)