သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း


ရန်ကုန်၊ အောက်တိုဘာ ၃၀

၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ဆရာတော်ဘဒ္ဒန္တရေဝတ (အရှင်ရေဝတ-ရွှေကွမ်းသား)က အလှူငွေကျပ် ၁၀ သိန်း၊ ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ပဏ္ဍိတာရာမကျောင်းတိုက်က ငွေကျပ်သုံးသိန်း၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၂၈ဝဝဝဝ၊ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) - စာရေးဆရာမ (မလေးယဉ်) မိသားစုနှင့် အင်းစိန်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ လှိုင်မြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ကြယ်နီလေး (ဥပဒေ)၊ ကျောက်တံတားမြို့နယ် စာရေးဆရာ အသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်(မောင်မောင်-စင်ထရယ်)၊ သံဖြူဇရပ်မြို့နယ်စာရေးဆရာအသင်းနှင့် ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဒေါ်သဉ္ဇာလှိုင် (နှင်းစက်-လားရှိုး) က ငွေကျပ် ၁၅၀ဝဝ ပေးအပ်လှူဒါန်းကြ ပြီး ဆရာတော်ဘဒ္ဒန္တရေဝတ(အရှင်ရေဝတ-ရွှေကွမ်းသား)က အသင်းမဂ္ဂဇင်းထုတ်ဝေရန်အတွက် ငွေကျပ် ၁၀ သိန်း ထပ်မံလှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)နှင့် ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။


အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅ ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)