ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ စော်ကားမှုများ လုပ်ဆောင်နေသည့် ဟိန္ဒူဘာသာဝင်တစ်ဦး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ စော်ကားမှုများ လုပ်ဆောင်နေသည့် ဟိန္ဒူဘာသာဝင်တစ်ဦး












ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး Har Sal Yon ဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက် အသုံးပြုနေသူတစ်ဦးက ဂျားကစ်စားဘူးသရီး" ဇာတ်ကားနဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင် ပြောဆိုထားပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးသူများဟာ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းထံက ခွင့်ပြုချက်တောင်းခံ သဘောတူ လက်မှတ်ရေးထိုးပြီးမှ ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

Har Sal Yon ဆိုသူ ကတော့ ဒီဇာတ်ကား မတိုင်မီကတည်းက ဘာသာရေးစော်ကားမှု၊ ဘာသာရေးပဋိပက္ခဖြစ်စေနိုင်လောက်တဲ့ ပျက်ရယ်ပြုစော်ကားမှုတွေ လုပ်ဆောင်နေတာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ တွေ့မြင်ရပါတယ်။

သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဗုဒ္ဓရုပ်ပွားတော်ပုံများကို မဖွယ်မရာ ဖန်တီးဖော်ပြပြီး ပျက်ရယ်ပြုစော်ကားရေးစားမှုတွေ လုပ်ဆောင်ထားခြင်းဟာ လူတစားကိုးကွယ်တဲ့ ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ စော်ကားထားတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိန်းသိမ်းဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ ခိုးဝင်ဘင်္ဂါလီများရဲ့ အကြမ်းဖက်မှုတွေကြောင့် ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းနဲ့ အစ္စလာမ်ဘာသာဝင် မွတ်စလင်များအကြားမှာ ကြီးမားသော ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အစ္စလာမ်ဘာသာဝင် အစွန်းရောက်များကလည်း ဘာသာရေးစော်ကားမှုတွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

ဗုဒ္ဓဘာသာ နဲ့ ဟိန္ဒူဘာသာ ကြားမှာတော့ ကြီးမားတဲ့ ပြဿနာမရှိခဲ့ဖူးသလို အပြန်အလှန်လေးစားမှု ရှိကြပါတယ်။ ဒီအထဲကမှ Har Sal Yon ဆိုသူကတော့ ဗုဒ္ဓဘာသာ ကို ရည်ရွယ်ချက်ရှိရှိ ပျက်ရယ်ပြုစော်ကားမှုတွေ လုပ်ဆောင်နေခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေဆီကို ဦးတည်သွားနိုင်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အမြန်ဆုံး ထိန်းသိမ်း ဆောင်ရွက်ပေးသင့်ပါကြောင်း အသိပေး တင်ပြအပ်ပါတယ်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)