တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် ဝန်ထမ်းများ အရည်အသွေးပြည့်ဝရန်နှင့် အစဉ်လေ့လာသင်ယူရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် ဝန်ထမ်းများ အရည်အသွေးပြည့်ဝရန်နှင့် အစဉ်လေ့လာသင်ယူရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မှာကြား


နေပြည်တော်၊ အောက်တိုဘာ ၂၉

တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် ဝန်ထမ်းများအရည်အသွေး ပြည့်ဝရန်နှင့် လုပ်ရည်ကိုင်ရည်တိုးတက်ရန် သိသင့်သိထိုက်သည်များကို အစဉ်လေ့လာသင်ယူရန်လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယမန်နေ့က ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ဦးစီးအရာရှိ အဆင့်အရာရှိ သင်တန်းသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့နေရသည့်ဌာန ဖြစ်သည့်အတွက် ဝန်ထမ်းများကိုယ်တိုင် အတွေးအခေါ်၊ အယူအဆရင့်သန်ရန်နှင့် စိတ်ဓာတ်ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ဌာန၏လုပ်ငန်းများ အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် အပတ်တကုတ် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိသည့် အခြားသော ဝန်ထမ်းငယ် များကိုလည်း အသိပညာများ ပြန်လည်မျှဝေပေးစေလိုကြောင်း၊ ပိုမိုသစ်လွင်ကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း လေ့လာသင်ယူကြပြီး လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)