တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြုစာအုပ်များ Mandalay Media မှ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြုစာအုပ်များ Mandalay Media မှ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်




ထားဝယ်၊ အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြုစာအုပ်များ Mandalay Media မှ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများ က “ မြန်မာ့ကျောင်း ” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဒေသတစ်ခု၏ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာသည်အခါတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးသည် အချက်တစ်ချက်အနေဖြင့် ထည့်သွင်းစဉ်းစားရကြောင်း၊ ယနေ့ လူငယ်များအတွက် များပြားလှသော အသိပညာများကို တစ်ဆင့်တက်ပြီး လေ့လာသင်ယူနိုင်ရန် အရေးကြီးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းများအနေဖြင့် ၂၀၂၂ ခုနှစ်တွင် (၄၅.၉၅)ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် (၆၈.၀၃) ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် (၄၈.၃၈) ရာခိုင်နှုန်းရရှိသည်ကို တွေ့ရှိရကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် နှစ်စဉ်စီမံချက်ရေးဆွဲပြီး Guardian စနစ်ဖွဲ့စည်း လေ့ကျင့်သင်ကြားခြင်း၊ Tutorial ကို လစဉ်ပြုလုပ်ခြင်း မေးခွန်းဟောင်းများကိုလေ့ကျင့်စေခြင်း၊ အကြိုစာမေးပွဲများပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်တက္ကသိုလ်နှင့်မြိတ်တက္ကသိုလ်မှပါမောက္ခ၊ တွဲဖက်ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက နှစ်စဉ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများတွင် ဘာသာရပ်အလိုက် ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း၊  Mandalay Media မှ တက္ကသိုလ်ဝင်တန်းစားမေးပွဲ အထောက်အကူပြု စာအုပ်များပေးအပ်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြုစာအုပ်ရေးသားပြုစုခဲ့သော ပါမောက္ခဒေါက်တာသန့်စင်က စာအုပ်ရေးသားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြု စာအုပ်ထုတ်ဝေလှူဒါန်းသော Mandalay Media မှ စာအုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြုစာအုပ် အုပ်ရေ(၁၀၀၀)အား အလှူရှင်များက ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က လက်ခံရယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်က ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီ ” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)