လွိုင်ကော် ၊ အောက်တိုဘာ ၂၆
ကယားပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က “ယခုအခါ ပြည်နယ်အတွင်း ပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ အောင်မြင်တိုးတက်မှုများ ရရှိလာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့မှုများအတွက် ရာနှုန်းပြည့်အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း အမှန်တကယ်အကျိုးရှိပြီး ပြည်သူလူထုကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးမွေးမြူရေးနှင့် ယင်းတို့ကို အခြေခံသောကုန်ထုတ်လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက လုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိအောင် ကွင်းဆင်းစိစစ်ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးကြရန်လိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများက စံပြစိုက်ခင်း၊ စံပြမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများ၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေများ ဖော်ထုတ်ရေးဆောင်ရွက်မည့်အစီအမံများ၊ သမဝါယမကုန်ထုတ်လုပ်မှုအသင်းများ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်မည့်အခြေအနေများ၊ မြို့ပေါ်ရှိစက်မှုလက်မှုလုပ်ငန်းရှင်များ ပြန်လည် လည်ပတ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် မိမိတို့၏ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment