ငါန်းဇွန်း၊ အောက်တိုဘာ ၆
မြို့သာစက်မှုဇုန်အတွင်းရှိ တရုတ်- မြန်မာဖက်စပ်ဘီစကစ်စက်ရုံ(Myanmar Ding Wang )ကို PDF များက ဓားပြဝင်တိုက်ကာ ကျပ်သိန်း (၃ဝဝ)ခန့်နှင့် မော်တော်ယာဉ်တစ်စီးတို့ကို ယူဆောင်ထွက်ပြေးသွားမှု ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘီစကစ်စက်ရုံမှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြိုနယ်၊ ငါန်းဇွန်မြို၏အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ မြိုသာစက်မှုဥယျာဉ်မြိုတော်စီမံကိန်း (Phase-1)တွင် လုပ်ငန်းလုပ်ကိုင်နေသောစက်ရုံ ဖြစ်ပြီး နံနက် ၇ နာရီမထိုးမီ PDF အကြမ်းဖက်သမား ၅ ဦး ဆိုင်ကယ် ၃ စီးဖြင့် စက်ရုံဝင်းအတွင်း ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ကာ စက်ရုံမန်နေဂျာရုံးခန်းအတွင်းဝင်ရောက်၍ လစာ ကျပ်သိန်း(၃၀၀) ခန့်ကို ယူဆောင်လျက် စက်ရုံဝင်းအတွင်းရပ်ထားသည့် စက်ရုံပိုင် Honda Fit အမျိုးအစား၊ အပြာရောင် IK-1753 ကိုပါ မောင်းနှင်သွားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment