ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ၊ နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်၊ ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး ပြန်လည်ထွက်ခွာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ၊ နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်၊ ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး ပြန်လည်ထွက်ခွာ







နေပြည်တော်၊ အောက်တိုဘာ ၂၃

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာ များသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ် ခြင်း၊ နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ဂုဏ်ပြုညစာစားပွဲများအပြန်အလှန် ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြပြီး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက် ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)