တောင်တွင်းကြီးမြို့နယ်တွင် တောင်သူလယ်သမားများစုပေါင်း၍ ကိုယ်အားကိုယ်ကိုး ဆပ်ဆပ်ယိုချောင်း Shelter အား ပြန်လည်ပြုပြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် တောင်သူလယ်သမားများစုပေါင်း၍ ကိုယ်အားကိုယ်ကိုး ဆပ်ဆပ်ယိုချောင်း Shelter အား ပြန်လည်ပြုပြင်

 



တောင်တွင်းကြီး ၊ အောက်တိုဘာ ၈


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ဆပ်ဆပ်ယိုချောင်း Shelter ကျိုးပဲ့ပျက်စီးသွားခြင်းကြောင့် ယနေ့နံနက် (၇)နာရီအချိန်က တရုတ်ကောအုပ်စု သဖန်းကုန်းကျေးရွာနှင့် ​ကွမ်းခြံစုကျေးရွာမှ  ဆည်ရေသောက်တောင်သူလယ်သမားများစုပေါင်း၍ သဲအိတ်(၅၀၀)လုံးဖြင့် ကိုယ်အားကိုယ်ကိုးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်  တရုတ်ကောအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုး ဦးဆောင်၍ ရာအိမ်မှူးများ၊ မြောင်းကော်မတီဝင်များ၊ တမာပင်မြောင်း၊ ထန်းကန်းမြောင်း၊ ပွဲဆည်မြောင်းနှင့် သပြေပင်မြောင်း ဆည်ရေသောက်တောင်သူ လယ်သမားများစုပေါင်း၍  ဆပ်ဆပ်ယိုချောင်း Shelter အား သဲနုန်းများ တူးဖော်ခြင်း၊ သဲအိတ်များဖို့ခြင်း၊ မျှောတိုင်စိုက်တူးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးပါက သပြေပင်မြောင်း၊ ထန်းကုန်းမြောင်း၊ ပွဲဆည်မြောင်းနှင့် တမာပင်မြောင်းရေဖြင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုနေသည့် တောင်သူလယ်သမားများ၏ လယ်ဧက (၇၀၀)ကျော်အတွက် စိုက်ပျိုးရေများပေးဝေရာတွင် အချိန်ကြာမြင့်မှုမရှိစေဘဲ လွယ်ကူလျင်မြန်စွာနှင့် ရေအလေအလွင့်နည်းပါးစွာဖြင့် မြောင်းဆုံး၊ မြောင်းဖျားများမှ စိုက်ခင်းများအထိ လိုအပ်သည့် ရေပမာဏပြည့်ဝနိုင်ပြီဖြစ်သောကြောင့် ဒေသခံတောင်သူ လယ်သမားများအတွက် စိုက်ပျိုးသီးနှံများစိုက်ပျိုးရာတွင် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။


နောင်နောင်( ဗိဿနိုးမြေ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)