AA အကြမ်းဖက်အဖွဲ့ က ဘူးသီးတောင်မြို့နယ်၊ မြောင်းနားဒလီမှ မိသားစု ၂၈၀ ကျော်အား မူလနေရပ်ကို ပြန်ခွင့်မပြုဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့ က ဘူးသီးတောင်မြို့နယ်၊ မြောင်းနားဒလီမှ မိသားစု ၂၈၀ ကျော်အား မူလနေရပ်ကို ပြန်ခွင့်မပြုဟုဆို


ဘူးသီးတောင်၊ နိုဝင်ဘာ ၂၄ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အာလီယန်းကျေးရွာအုပ်စု မြောင်းနားဒလီရွာမှ စစ်ဘေးရှောင်ခဲ့ကြရတဲ့ဘင်္ဂါလီမိသားစု (၂၈၀) ကျော်အား မူလနေရပ်ကို ပြန်ခွင့်မပြုပဲနဲ့ IDP စခန်းသို့ မဖြစ်မနေ ပြောင်းရွှေ့ နေထိုင်ကြရန် AA အကြမ်းဖက်အဖွဲ့က အမိန့်ပေးခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့် AA အကြမ်းဖက်အဖွဲ့ တိုက်ပွဲကာလအတွင်း မြောင်းနားဒလီရွာမှ ဘင်္ဂါလီမိသားစု ၂၈၀ ကျော် စစ်ဘေးရှောင်ခဲ့ကြရပြီး ယခုအချိန်တွင် ရွာသူ/သားတွေ အားလုံး မိမိတို့ ဇာတိရွာသို့ ပြန်လည်နေထိုင်ခွင့်ကို တားမြစ်ခဲ့ပြီး AA အကြမ်းဖက်အဖွဲ့က သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းသို့ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နောက်ဆုံးထားပြီး မဖြစ်မ‌နေ ပြောင်းရွှေ့နေထိုင်ရန် AA က ယမန်နေ့ နိုဝင်ဘာလ (၂၃) ရက်နေ့က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြောင်းနားဒလီ၊ ကက်ဂျက်ပေနှင့် ဘာဂုံးနား ရွာတို့မှ ရွာသူရွာသားများ အားလုံးကို IDP စခန်းများသို့ ရွှေ့ပြောင်းထားရပြီး မူလနေရပ်သို့ ပြန်ခွင့်မရကြောင်း သိရသည်။

ထို့အပြင် AA အကြမ်းဖက်အဖွဲ့က အလီယန်း ရှိ နေအိမ်များကို ဖြိုချဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)