အကြမ်းဖက်နှိမ်နင်းရေး နှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှုများ (၂၄-၁၁-၂၀၂၄) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်နှိမ်နင်းရေး နှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှုများ (၂၄-၁၁-၂၀၂၄)


သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးတွင် နိုဝင်ဘာ ၂၄ ရက် (ယနေ့) မနက်ပိုင်းက နယ်မြေရှင်းစစ်ကြောင်းနှင့် TNLA အကြမ်းဖက်သမးများ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး TNLA အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ Type-81 သေနတ် ၂ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၀ တောင့် တို့အား ထပ်မံရရှိခဲ့ကြောင်း သိရသည်။

နမ့်လန်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် နိုဝင်ဘာ ၂၃ ရက်နေ့က အကြမ်းဖက် ၁ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သမား ၁ လောင်း၊ K-12 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ က နမ့်လန်မြို့ထဲသို့ MNDAA အကြမ်းဖက်အဖွဲ့ က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်နေရခြင်းဖြစ်သည်။

မင်းတပ်မြို့တွင် နိုဝင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်က လုံခြုံရေးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် CDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF အကြမ်းဖက် ၅ လောင်း၊ မောင်းပြန်သေနတ် ၄ လက် တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

ဖလမ်းမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များနှင့် CDF အကြမ်းဖက်သမားများ နိုဝင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  CDF အကြမ်းဖက်သမား ၁ လောင်း၊ Rifle သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် TNLA/PDFသမားများ နိုဝင်ဘာ ၂၃ ရက်နေ့က ညောင်ရင်းရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  TNLA အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၇၀ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ အခြေပြုနေသည့် တောင်ကုန်းတစ်ခုအား Drone ပစ်ကူ၊ ခြေလျင်လက်နက်ကြီးပစ်ကူများယူ၍ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများ ထွက်ပြေးသွားပြီး စခန်းအဖြစ် အသုံးပြုထားသည့် ဘန်ကာ ၁၂ လုံး၊ ပစ်ကျင်း ၁၄ ကျင်း၊ မိုင်းမျိုးစုံ ၃၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)