စစ်တွေ၊ နိုဝင်ဘာ ၁၉
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ စောမြရာဇာလင်းသည် အိန္ဒိယခရီးစဉ်မှအပြန် ရခိုင်ပြည်သို့ သွားရောက်ကာ အခက်အခဲကြုံတွေ့နေကြရသေ ာစစ်တွေအခြေစိုက် ရခိုင်၊ မူဆလင်၊ မာရာမာကြီးတို့နှင့်နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ရက်အထိ သီးခြားစီခွဲ၍ တွေ့ဆုံကာ ရခိုင်လူထု ခံစားနေကြရသော စစ်၏အနိဋ္ဌာရုံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ တပ်မှူး/တပ်ဗိုလ်များနှင့် နိုဝင်ဘာလ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တပ်မှူး/တပ်ဗိုလ်များနှင့် တရင်းတနှီးဆွေးနွေးကြကာ ပါတီဆက်လက်လျှောက်လှမ်းမည့် နိုင်ငံရေးရည်မှန်းချက်များနှင့် ရခိုင်ပြည်နယ်တည်ငြိမ်းအေးချမ်းရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သည်NCA လက်မှတ်ရေထိုးထားသည့် ကတိအတိုင်မှန်ကန်စွာလျှောက်လှမ်းနေပြီး သွေးထွက်သံယိုဖြစ်စေမည့်ကိစ္စများကို မလုပ်ဆောင်ဘဲ နိုင်ငံရေးကို နိုင်ငံရေးဆွေးနွေးမှုဖြင့် အဖြေရှာနိုင်စေရေးကို ပါတီခေါင်းဆောင်များ/ တပ်မှူး/ တပ်ဗိုလ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment