နေပြည်တော်၊ နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ် တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည်တင်မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ မန္တလေးမြို့သို့ မောင်းနှင် ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက် အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသွား ပြည်သူများအနက် မအိန္ဒြာမိုး(၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ပြီး ဒေါ်ခင်ဌေး(၅၇)နှစ်၊ ဒေါ်ငြိမ်းစံပယ်(၃၀)နှစ်၊ ဒေါ်ယဉ်ထွေး(၃၃)နှစ်၊ မောင်သီဟနိုင်(၃)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင်မော်တော် ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူ များက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ခရီးသည်တင်မော်တော်ယာဉ်များအား လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင် လျက်ရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment