ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၉
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပသည့် ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိတို့သည် အတူတကွ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် တရားမျှတသောကမ္ဘာကြီးကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ အတူတကွဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီး ဖွဲ့စည်းပုံအစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အမြဲတစေ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ယုံကြည်စိတ်ချရသော ရေရှည်လက်တွဲဖော်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကို ထောက်ခံအားပေးသော တက်ကြွလှုပ်ရှားသူနှင့် လက်တွေ့ဖော်ဆောင်သူဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူလက်တွဲ၍ ခေတ်မီမှုကိုဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးသော တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက် ၈ ခုကို ကြေညာခဲ့သည်။
၁။ အရည်အသွေးမြင့်သော " Belt and Road" ပူးပေါင်းဆောင်ရွက်မှုကို အတူလက်တွဲတည်ဆောက်သွားမည်။ တရုတ်နိုင်ငံသည် ရုပ်လုံးကြွသော အပြန်အလှန် ဆက်သွယ်မှုကွန်ရက်ကို တည်ဆောက်ကာ အစိမ်းရောင်ပိုးလမ်းမကြီး၏ ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ်ပိုးလမ်းမကြီးကို စွမ်းရည်ဖြည့်သွင်းပေးသွားမည်။
၂။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံကို အကောင်အထည် ဖော်ဆောင်သွားမည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ သုတေသနစင်တာကို ကောင်းမွန်စွာတည်ဆောက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့်နယ်ပယ်အသီးသီးတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်ရန် ဆက်လက်ထောက်ခံအားပေးသွားမည်။
၃။ အာဖရိကတိုက်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့သွားမည်။ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးတွင် အနာဂတ် ၃ နှစ်အတွင်း တရုတ်နိုင်ငံသည် အာဖရိကတိုက်နှင့် အတူလက်တွဲ၍ ခေတ်မီမှုဖော်ဆောင်မည့် မိတ်ဖက်လှုပ်ရှားမှု ၁၀ ရပ်ကို ကြေညာခဲ့ပြီး အဆိုပါလှုပ်ရှားမှုအတွက် ရန်ပုံငွေများပံ့ပိုးပေးသွားမည်။
၄။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးသွားမည်။ တရုတ်နိုင်ငံသည် “ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ (Global Alliance Against Hunger and Poverty)” အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီး G20 အဖွဲ့အစည်းက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီးအစည်းအဝေး ဆက်လက်ကျင်းပရန်ထောက်ခံသည့်အပြင် စားနပ်ရိက္ခာဆုံးရှုံးမှု လျှော့ချရေးဆိုင်ရာ နိုင်ငံတကာညီလာခံ (International Conference on Food Loss and Waste) ကိုလည်း ဆက်လက်ကြီးမှူးကျင်းပသွားမည်။
၅။ တရုတ်နိုင်ငံသည် ဘရာဇီး၊ တောင်အာဖရိက၊ အာဖရိကသမဂ္ဂတို့နှင့်အတူ "ပွင့်လင်းသော သိပ္ပံပညာဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအမံ" ကိုအဆိုပြုကာ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုရလဒ်များဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို ပိုမိုအကျိုးဖြစ်ထွန်းစေရန် ကြိုးပမ်းဖော်ဆောင်သွားမည်။
၆။ G20 က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကို အကျိုးပြုသည့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်မှုကို ပံ့ပိုးကူညီသွားမည်။ တရုတ်နိုင်ငံက ပေကျင်းရှိ G20 စွန့်ဦးတီထွင်မှု သုတေသနစင်တာ (Entrepreneurship Research Center on G20 Economies) ၏လုပ်ငန်းများကို ပံ့ပိုးပေးပြီး သက်ဆိုင်ရာဘက်အသီးသီးက ဒစ်ဂျစ်တယ်ပညာရေး၊ ပြတိုက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းလုပ်ဆောင်ခြင်းနှင့် ရှေးဟောင်းစာအုပ်စာပေများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းသိမ်းခြင်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံအားပေးသွားမည်။
၇။ G20 ၏ "အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်" ကို အကောင်ထည်ဖော်ဆောင်သွားမည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ တရားခံပြေးများကို လိုက်လံဖမ်းဆီးခြင်း၊ မသမာနည်းဖြင့် ရယူသောပစ္စည်းများကို ပြန်လည်ရယူခြင်း၊ အဂတိလိုက်စားမှုများအတွက်ခိုလှုံရာနေရာပေးခြင်းကို ငြင်းပယ်ခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစွမ်းရည်မြှင့်တင်ခြင်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်။
၈။ တရုတ်နိုင်ငံသည် အဆင့်မြင့်တံခါးဖွင့်လှစ်ရေးစနစ်ယန္တရားကို ပြီးပြည့်စုံအောင် ဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများအတွက် တစ်ဖက်သတ် တံခါးဖွင့်လှစ်မှုများကို တိုးချဲ့လုပ်ဆောင်သွားမည်။ တရုတ်နိုင်ငံသည် မိမိနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသော ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများအားလုံး၏ ၁၀၀% အခွန်ကောက်ခံနိုင်သောကုန်ပစ္စည်းများကို အကောက်ခွန်မဲ့ ခံစားခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment