နေပြည်တော်၊ နိုဝင်ဘာ ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး သည် ရုရှားနိုင်ငံ RC Investments ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Artemii ALIMOV ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အား ယမန်နေ့က တွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှားနိုင်ငံထုတ် မြေဩဇာစက်ရုံ တည်ဆောက် ရင်းနှီးမြှုပ်နှံရေး၊ သဘာဝရွက်ဖျန်း အားဆေးရည် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရေး စီမံကိန်းနှင့် မျိုးစေ့ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေး ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment