ရန်ကုန်၊ နိုဝင်ဘာ ၂၀
ဘရာဇီးလ်နိုင်ငံ၏ (၂၀၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို ယမန်နေ့ ညနေ (၅ ၀၀) နာရီခွဲတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပသည်။
ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂ ဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Gustavo Rocha de Menezes
နှင့် တာဝန်ရှိသူများက ဒုတိယဝန်ကြီးနှင့် ဧည့်ခံပွဲ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧည့်ခံပွဲတက်ရောက်လာကြသူများကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment