မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Appreciation Dinner, Selangor International Business Summit 2024 သို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Appreciation Dinner, Selangor International Business Summit 2024 သို့ တက်ရောက်




ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၈

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် Invest Selangor Berhad မှ  ၁၅−၁၁−၂၀၂၄ ရက် ညနေပိုင်းတွင် The Majestic Hotel Kuala Lumpur ၌ ကျင်းပပြုလုပ်ခဲ့သည့် Selangor International Business Summit 2024 ညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါညစာစားပွဲ အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ဆီလန်ဂေါပြည်နယ်၏ ဝန်ကြီးချုပ် YAB Dato’ Seri Amirudin Bin Shari ၊ ဆီလန်ဂေါပြည်နယ်၏ ရင်းနှီးမြုပ်နှံမှု နှင့် ကုန်သွယ်ရေးဆိုင်ရာ အမှုဆောင်ကောင်စီဝင် YB Tuan Ng Sze Han နှင့် ကွာလာလမ်ပူမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)