အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်




နေပြည်တော်၊ နိုဝင်ဘာ ၁၈

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် ၁၂-၁၁-၂၀၂၄ ရက်မှ ၁၅-၁၁-၂၀၂၄ ရက်အထိ ကျင်းပခဲ့ သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

 အစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ AICHR ကိုယ်စားလှယ် H.E. Ambassador Yong Chanthalangsy က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံ နိုင်ငံများမှ AICHR ကိုယ်စား လှယ်များ/ ခေတ္တကိုယ်စားလှယ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။  တီမောလက်စ်တေကိုယ်စားလှယ်ကလည်း လေ့လာသူအဖြစ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ AICHR ၏ အဖွဲ့အစည်းဆိုင်ရာကိစ္စများ၊ ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် AICHR ၏ ငါးနှစ်တာလုပ်ငန်းစီမံချက် ရေးဆွဲရာတွင် ပါဝင်ရမည့်အချက်များနှင့် ရေးဆွဲရန် မျှော်မှန်းကာလ၊ AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှု အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။  AICHR ၏ ဦးစားပေးလုပ်ငန်းအစီအစဉ် များ ဆွေးနွေးရာတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေး၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ လူ့အခွင့်အရေးနှင့် ရဲအရေးကိစ္စ၊ ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ရွှေ့ပြောင်း လုပ်သားများအခွင့်အရေးနှင့် လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးစသည့် ကိစ္စရပ်များ ပါဝင်သည်။

 အစည်းအဝေးတွင် ဒေသတွင်း စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် အာဆီယံ အသိုက် အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးနိုင်ရန်  ကဏ္ဍအလိုက်နှင့် မဏ္ဍိုင်အလိုက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး၏ အရေးပါမှုကို ထပ်လောင်း ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လက်ရှိ ၂၀၂၂-၂၀၂၄ ခုနှစ်ကာလအတွက် AICHR ကိုယ်စားလှယ်များနှင့် လာမည့် ၂၀၂၅-၂၀၂၇ ခုနှစ်ကာလအတွက် AICHR ကိုယ်စားလှယ် များအကြား လုပ်ငန်းတာဝန်အကူးအပြောင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ခုနှစ် အစောပိုင်းတွင် ကျင်းပရေးအတွက် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

 အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) ကာလအတွင်း AICHR ကိုယ်စားလှယ်များနှင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှုနှင့် ဆက်စပ်နိုင်ငံ ဖြတ်ကျော် မှုခင်းများဆိုင်ရာ ဘာလီလုပ်ငန်းစဉ်၏ ဒေသဆိုင်ရာ ပံ့ပိုးရေးရုံးနှင့် ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့်  အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်သော နယ်ပယ်များကို သတ်မှတ်ညှိနှိုင်း ဆွေးနွေး ခဲ့ကြပါသည်။

 ယင်းနောက် AICHR အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံမှ မလေးရှားနိုင်ငံသို့ တာဝန်လွှဲပြောင်းသည့် အခမ်းအနားဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)