ချုံချင့်မြို့မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် Bashu Secondary School တို့မှ ပူးပေါင်းစီစဉ်ဆောင် ရွက်သည့် တရုတ်ဘာသာစကား (HSK 1) အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချုံချင့်မြို့မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် Bashu Secondary School တို့မှ ပူးပေါင်းစီစဉ်ဆောင် ရွက်သည့် တရုတ်ဘာသာစကား (HSK 1) အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ




ချုံချင့်၊ နိုဝင်ဘာ ၂၉

တရုတ်ဘာသာစကား (HSK 1) အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချုံချင့်မြို့ Bashu Secondary School ၌ ၂၇-၁၁-၂၀၂၄ ရက် ညနေပိုင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြို့၊ ယွီကျုံးခရိုင်အစိုးရ ပညာရေးဌာနနှင့် နိုင်ငံခြား ရေးရာဌာနတို့မှ တာဝန်ရှိသူများ၊ Bashu Secondary School နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းသင်တန်းသား (၂၁) ဦးတို့က အွန်လိုင်းမှတက်ရောက်ခဲ့ကြပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဦးကျော် ဇေယျာလင်း နှင့် Bashu Secondary School မှ Principal Mr. Li Xiaoke တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် Bashu Secondary School တို့၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်းများ တရုတ် ဘာသာစကားသင်ယူနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)