ဗီယင်နာ၊ နိုဝင်ဘာ ၂၉
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၂၆-၁၁-၂၀၂၄ ရက်မှ ၂၈-၁၁-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နျူကလီးယား သိပ္ပံ နည်းပညာအသုံးချမှု နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်ဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံသို့ ဗီယင်နာမြို့ အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးမင်းသိမ်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားသိပ္ပံနည်းပညာနှင့်အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးကူညီ ပေးနေသည့် IAEA ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အသိအမှတ်ပြုကြောင်း၊ ထို့ပြင် ပြည်သူ့ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပလပ်စတစ်များကြောင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှု စသော ကမ္ဘာ့စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းရာတွင် အေဂျင်စီ၏ ဦးဆောင်ဦးရွက်ပြုသည့် စီမံကိန်းများကိုလည်း ထောက်ခံ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA ၏ နည်းပညာအကူအညီများကြောင့် နိုင်ငံ၏ အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးနှင့်အာဟာရကဏ္ဍ၊ ရေနှင့်ပတ်ဝန်းကျင် ကဏ္ဍ၊ စက်မှုဆိုင်ရာ အသုံးချကဏ္ဍ၊ ဓာတ်ရောင်ခြည်ဘေးကင်းရေး၊ နျူကလီးယား အသိပညာနှင့် စီမံခန့်ခွဲမှုကဏ္ဍ၊ လူ့စွမ်းအားမြှင့်တင့်ရေးကဏ္ဍများတွင် အကျိုးဖြစ်ထွန်းမှု များစွာ ရရှိခဲ့ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါညီလာခံတွင် IAEA နှင့် အဖွဲ့ဝင်နိုင်ငံများအကြား နျူကလီးယားသိပ္ပံနည်းပညာ အသုံးချမှုကဏ္ဍများ၌ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှတစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ရေးရည်ရွယ်ချက်ဖြင့် ဝန်ကြီးအဆင့်ထုတ်ပြန်ကြေညာချက် (Ministerial Declaration) တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment