တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကျင်းပ






တာမွေ     ၊  နိုဝင်ဘာ      ၂၉

၂၀၂၄-ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအဖြစ် ပြုလုပ်သည့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ နားမကြားသောကလေးများကျောင်း(ရန်ကုန်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ် အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားတာဝန်ခံဆရာမတစ်ဦးမှ အားကစားနည်းများအလိုက် အမှတ် ပေးစည်းမျဉ်းများအား လက်သင်္ကေတပြဘာသာစကားဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ တွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက်  တက်ရောက်လာကြသူများသည် ထူးချွန်ဆုရရှိကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၉၂ - ခုနှစ် ဒီဇင်ဘာလ( ၃ )ရက်နေ့မှစ၍ သတ်မှတ်ခဲ့ပြီး လူ့အဖွဲ့အစည်းတိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် မသန်စွမ်းသူများအတွက် သုခချမ်းသာနှင့် အခွင့်အရေးများကိုမြှင့်တင်ရန်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝ (cultural life) စသည့်ကဏ္ဍအသီးသီးတွင် မသန်စွမ်းသူများ၏ အခြေအနေကို အသိပညာပေးမှု မြှင့်တင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများ နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)