မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ငရုတ်သီးနှံများ တိုးချဲ့စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ငရုတ်သီးနှံများ တိုးချဲ့စိုက်ပျိုး




မင်းဘူး ၊  နိုဝင်ဘာ ၂၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စပါး၊ ပဲမျိုးစုံနှင့် နှမ်း၊ နေကြာ၊ ဝါသီးနှံများကို အလှည့်ကျစိုက်ပျိုးကြပြီး စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို ယခုနှစ် စိုက်ပျိုးရာသီတွင် ဧက ၂၄၁၁ ဧက လျာထားကာ ၂၈၆၆ ဧကအထိ တိုးချဲ့စိုက်ပျိုးထားကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 


ငရုတ်သီးနှံများကို မေလတွင် ပျိုးထောင်၍ ဇွန်လတွင် စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် စတင် ခူးဆွတ်ရောင်းချလျက်ရှိကြသည်။ မျိုးအနေဖြင့် ၆၉၂၊ ကျောက်စိမ်း၊ ပန်းရဲ၊ ဗီယက်နမ် ငရုတ်မျိုးများကို အများဆုံးစိုက်ပျိုးကြကာ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၇ သိန်းခန့် ကုန်ကျ၍ပိဿာ ၈၀၀-၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ ယခု ငရုတ်သီးတစ်ပိဿာလျှင် ငွေကျပ် (၁၃,၀၀၀) (၁၃,၅၀၀) ဈေးဖြင့် ရောင်းချရပြီး အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။


 “ကျွန်တော်တို့ယခု အောက်တိုဘာလနှင့် နိုဝင်ဘာလများမှာတော့ ငရုတ်သီးဈေးနှုန်းမှာ အတက်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြပါတယ်။ ဈေးကွက်အနေနဲ့ မကွေးမြို့၊ မင်းဘူးမြို့နှင့် စကုမြို့များရှိ ကုန်စိမ်းဒိုင်များမှာ တင်ပို့ရောင်းချရပြီး ယခုနှစ် ငရုတ်သီးနှံများ အထွက်နည်းကြသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်များများရရှိကြပါတယ်” ဟု မင်းဘူး(စကု)မြို့နယ် ငွေသောင်ကျေးရွာမှ ငရုတ်စိုက်တောင်သူ ကိုမင်းကိုက ပြောသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)