နေပြည်တော်၊ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ အောက်တိုဘာလ ၃၁ ရက်နေ့ ၂၂ ၁၀ အချိန် သာစည်မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာအနီးတွင် စည်သူထိုက်၊ သီဟအောင် နှင့် မျိုးမင်းဦး တို့အား LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၈၀၀)၊ မြန်မာငွေကျပ် ၃.၃၅ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စည်သူထိုက်(၃၅)နှစ်၊ သီဟအောင်(၃၈)နှစ် နှင့် မျိုးမင်းဦး(၄၂)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment