ရွှေတောင် ၊ နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အားကစားခန်းမ၌ ယမန့်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်သည် ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် ခရစ်ကတ်၊ ပိုက်ကျော်ခြင်း အားကစားနည်းများတွင် ပါဝင်ယှဥ်ပြိုင်မည့် ပဲခူးတိုင်းကိုယ်စားပြု လက်ရွေးစင် အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ လာရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ရွှေတံဆိပ်ဆုများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အားကစားသမားများအတွက် အားဖြည့်အချိုရည်တိုက်ကျွေးရန် ငွေကျပ် ( ၁၀၀၀၀၀ိ/-) ကျပ်ချီးမြှင့်ခဲ့ပြီး လေ့ကျင့်မှုများဆောင်ရွက်နေစဥ်အတွင်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ရွှေ တောင်မြို့နယ်ဦးစီးမှူးတို့မှ စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါလာရောက်ကြည့်ရှုအားပေးရာသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်း အောင် ၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ ၊ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment