ဟိုပုံး၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် နမောတဿအစချီသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့် အခမ်းအနားဖွင့်လှစ်ပြီးနောက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးခွန်လှသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/ မြိုနယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့၍ တောင်ကြီးမြို့အေးစေတီဆရာတော် ဘဒ္ဒန္တလက္ခဏသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်ထံမှ ကြိုဆိုနှုတ်ဆက်စကားမြွက်ကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက သာသနာတော်ဆိုင်ရာလျှောက်ထားပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာ မဏေကျော်စာမေးပွဲတွင် ရဟန်း၊ သာမဏေ၊ သီလရှင် ဖြေဆိုနေမှုအား ဖူးမြော်ကြည်ခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာ မဏေကျော် စာမေးပွဲတွင် ဥပစာတန်း ရဟန်း၊ သာမဏေ၊ သီလရှင် (၇၄)ပါး၊ မူလတန်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၉၀)ပါး၊ ပထမအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၁၃၅၃)ပါး၊ ဒုတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၄၇၄)ပါး၊ တတိယအဆင့် ရဟန်း၊ သာမဏေ၊ သီလရှင်(၂၉၆)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင်(၂၄၈၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး အဆိုပါစာမေးပွဲကို နိုဝင်ဘာ (၁)ရက်နေ့မှ နိုဝင်ဘာလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်နီး/ရပ်ဝေးမှ ဒေသခံပြည်သူများလည်း အလှူငွေများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment