ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုး




ချောင်းသာ၊ နိုဝင်ဘာ ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့အဝင်တွင် ပြုလုပ်သည့် ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် မီးပုံးပျံများလွှတ်တင်ပွဲနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (မိုင်တိုင် ၃၅/၅နှင့် ၃၅/၆) အကြား ချောင်းသာမြို့ အဝင်လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်သော ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်ခဲ့ပြီး အထိမ်းအမှတ်သစ်ပင်(ခရေပင်)ကို စိုက်ပျိုးခဲ့သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။


ကျော်ကျော် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)