ဟန်နိုဗာ၊ နိုဝင်ဘာ ၁၄
ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့တွင် German Agricultural Society (DLG) မှ ကြီးမှူး၍ ၁၂-၁၁-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် EuroTier 2024 နှင့် EnergyDecentral 2024 Official Opening Tour နှင့် ဖွင့်ပွဲအခမ်းအနားတို့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်း တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားမကျင်းပမီ DLG ၏ ဥက္ကဌဖြစ်သူ Mr. Hubertus Paetow က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ပြခန်းများအား လိုက်လံပြသခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ DLG ၏ ဥက္ကဌဖြစ်သူ Mr. Hubertus Paetow နှင့် Saxony ပြည်နယ်ဝန်ကြီးချုပ် Mr. Stephan Weil တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး ရွှေတံဆိပ်ဆုရရှိသည့်ကုမ္ပဏီများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမန်ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံအခြေစိုက် သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ အကြီးအကဲများ၊ သံတမန်များ၊ မွေးမြူရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် နိုင်ငံအလိုက် ဖိတ်ကြားထား သော ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
EuroTier 2024 နှင့် EnergyDecentral 2024 အား ၁၂-၁၁-၂၀၂၄ ရက်မှ ၁၅-၁၁-၂၀၂၄ ရက်အထိ (၄) ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး၊ ယင်းပြပွဲတွင် နိုင်ငံပေါင်း (၅၁)နိုင်ငံမှ လာရောက်ပြသသူဦးရေ/ ပြခန်း (၂၂၈၂) ခန့်ရှိပြီး၊ နိုင်ငံတကာမှ လာရောက်လေ့လာသူဦးရေ (၂၂၀,၀၀၀) ကျော်ခန့်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment